ARBRO Logo
ARBRO River Basins Research Organization (Yangon)
မြစ်ဝှမ်းများဆိုင်ရာသုတေသနအဖွဲ့ (ရန်ကုန်)
နိဒါန်း
မြစ်ဝှမ်းများဆိုင်ရာသုတေသနအဖွဲ့ (ရန်ကုန်) ၏ အဖွဲ့ဝင်များသည် ရေပညာရှင်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နေသော ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၊ ရေနှင့်ပတ်ဝန်းကျင် ဆိုင်ရာလုပ်ငန်းများတွင် အမြင့်ဆုံးလုပ်သက် ၅၀ နှစ်ရှိ အတွေ့အကြုံရှိသော အငြိမ်းစား အကြီးတန်းအစိုးရ အဖွဲ့ဝင်များ ပါဝင် ဖွဲ့စည်းထားပါသည်။
နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ကူညီ လုပ်ကိုင်နေကြသည့် မြန်မာပညာရှင်များနှင့် လူငယ်များသည် အလျှင်အမြန် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့်အညီ လိုက်လျောညီထွေဖြစ်စွာ နေထိုင်နိုင်ရေးနှင့် မိရိုးဖလာစိုက်ပျိုးရေး နည်းစနစ် များအသုံးပြုနေမှုသည် ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲမှုရှိသည်ကို သဘောပေါက်နားလည်လာခဲ့ကြပြီး အမိဧရာဝတီကို ထိန်းသိမ်း၍ ရေရှည်အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက်နှင့် မြစ်ဝှမ်းများတလျှောက် လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးရေးတို့အား စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် သုတေသနပြုလုပ်ရန် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ် လိုအပ်ကြောင်းကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ ထိုသို့ တိုင်ပင်ဆွေး နွေးခဲ့ကြပြီးနောက် အခက်အခဲ အမျိုးမျိုးတို့ကို ဖြတ်သန်းခဲ့ရပြီး မြစ်ဝှမ်းများတလျှောက် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် မြစ်ဝှမ်းများဆိုင်ရာသုတေသနအဖွဲ့ (ရန်ကုန်) အား (၁၀. ၅. ၂၀၁၂) တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
သုတေသနပြုလုပ်ခြင်းကို သဘာဝ သိပ္ပံဆိုင်ရာသုတေသန (natural science research) နှင့် လူမှု သိပ္ပံဆိုင်ရာ သုတေသန (social science research) ဟူ၍ ၂ ပိုင်းခွဲကာ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ အဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ချင်သူများသည် အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်မည့် သုတေသနကို စိတ်ဝင်စားသည့် မည်သူမဆို ဘာသာစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲ မရှိဘဲ အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင်ပါသည်။ ၀င်ကြေးလည်း သတ်မှတ်ထားခြင်း မရှိပါ။
ရည်ရွယ်ချက်
- (က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့် မိမိတို့တတ်ကျွမ်းသော ပညာရပ်တို့ကို အမိတိုင်းပြည်အတွက် အကျိုးပြု၍ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုအား အချက်အလက် ခိုင်လုံစွာဖြင့် သုတေသနပြုစုရာမှ ရရှိသော အသိပညာနှင့် လုပ်ထုံးလုပ်နည်းများကို အသုံးချ၍ ဆောင်ရွက်နိုင်ရန်။
- (ခ) လူမှုရေး၊ စီးပွါးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက အသက်သွေးကြော ဖြစ်သည့် အမိဧရာဝတီနှင့် မြစ်ဝှမ်းများတလျှောက်တွင် အမှီပြု နေထိုင်လုပ်ကိုင်နေကြသော ဒေသခံ လူထု၏ ရှင်သန်ရပ်တည်မှုဆိုင်ရာ အခြေအနေမှန်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ၄င်းတို့ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် ကဏ္ဍအသီးသီးတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်မှုကို လျင်မြန်စွာ ရရှိစေရန်။
- (ဂ) ဆင်းရဲနွမ်းပါးသူဘ၀မှ ကိုယ့်အားကိုယ်ကိုး၍ ကြိုးကုပ်အားထုတ်မှုကြောင့် အခြေခံပညာအတော် အသင့်ရရှိပြီး သုတေသနလုပ်ငန်းတွင် စိတ်ဝင်စားသော လူငယ်များအား ပညာရေးနှင့် သုတေသန လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးရန်၊
- (ဃ) သုတေသနလေ့လာချက်များမှ ရရှိလာသောရလဒ်များကို အခြေတည်၍ နိုင်ငံတော်၏ပေါ်လစီ အသစ်များ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းသစ်များအတွက် အကြံဥာဏ်များပေးရန်၊
- (င) အဖွဲ့၏ လုပ်ငန်းများကို စနစ်တကျ၊ ကောင်းမွန်စွာဆောင်ရွက်ခြင်းအားဖြင့် ရရှိလာသော သုတေသန တွေ့ရှိချက်များ၊ အသိပညာနှင့် လုပ်ထုံးလုပ်နည်းများကို တာဝန်ယူ၍ ဆက်လက် ထမ်းဆောင်နိုင်မည့် အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာပြီး အမိနိုင်ငံတော်ကြီးအား အကျိုးပြု သွားနိုင်ရန်။
မူဝါဒ
မြစ်ဝှမ်းများဆိုင်ရာသုတေသနအဖွဲ့ (ရန်ကုန်) ၏ အဖွဲ့ဝင်တိုင်းသည် အောက်ဖော်ပြပါ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။
- (က) စေတနာ၊ လုပ်အား၊ ပညာဖြင့် နယ်ပယ်ဒေသမရွေး၊ လူမျိုးဘာသာမရွေး ဧရာဝတီမြစ်ဝှမ်းဒသတွင် နေထိုင်သူများနှင့် သက်ဆိုင်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်း များဆောင်ရွက်ရေး။
- (ခ) ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနများကို အပတ်တကုတ် ကြိုးစား ရှာဖွေဖော်ထုတ်၍ လုပ်ဆောင်သွားရေး။
- (ဂ) အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ဌာနပေါင်းစုံနှင့် ဥပဒေပြုသူများ အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူ များအတွက် လိုအပ်သော အချက်အလက်နှင့် သိပံ္ပဆိုင်ရာ အထောက်အထား၊ အသိပညာနှင့် ရှာဖွေ တွေ့ရှိချက်များကို ပေးနိုင်ရန်။
လိုက်နာရန်စည်းကမ်းချက်များ
မြစ်ဝှမ်းများဆိုင်ရာသုတေသနအဖွဲ့ (ရန်ကုန်) သည် အောက်ပါစည်းကမ်းများအား လိုက်နာသွားပါမည်။
- (က) နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ခွင့်ပြုထားသည့် လုပ်ငန်းစဉ်များကို အဖွဲ့၏ မူဝါဒ(၃)ရပ်နှင့် အညီ ဆောင်ရွက်ရန်နှင့် နောင်တွင် အခါအခွင့်သင့်၍ နိုင်ငံတော်မှ ပြဋ္ဌာန်းသွားမည့် ဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ စည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက်များ၏ ကန့်သတ်မှု၊ တားမြစ်မှုများ ရှိပါက အဖွဲ့ဝင်တိုင်းသည် သတ်မှတ်ခွင့်ပြုသည့် ဘောင်အတွင်းမှ လိုက်နာ ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
- (ခ ) အဖွဲ့အစည်းသည် နယ်ပယ်ဒေသမရွေး လိုအပ်သော နေရာဒေသများတွင် သွားရောက် ဆောင်ရွက်သွားရန်အတွက် ရည်ရွယ် ဖွဲ့စည်း ထားခြင်းကြောင့် ကိုယ်ကျိုးနှင့် ဆိုင်သော ကိစ္စရပ်များ မပါရှိရန်။
- (ဂ ) အဖွဲ့ဝင်တိုင်းသည် အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်းများအား လည်းကောင်း၊ အခါအခွင့်သင့်၍ ပြဋ္ဌာန်းသော အမိန့်ကြော်ငြာချက် များအားလည်းကောင်း လိုက်နာ ဆောင်ရွက်သွားရန်။
- (ဃ) အဖွဲ့သည် ဧရာဝတီ မြစ်ဝှမ်းတလျှောက်တွင် ဖွံ့ဖြိုးတိုးတက်မှုများ အလျင်အမြန် ပေါ်ပေါက်လာ စေရန်နှင့် ဧရာဝတီမြစ်ဝှမ်းဒေသ တစ်ခုလုံး၏ ဂေဟစနစ်ကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် ဟန်ချက်ညီစွာ လုပ်ဆောင်သွားရန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည့်အလျောက် ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ ရပ်ကွက်စွဲ၊ ဒေသစွဲဖြင့် အဂတိ ဖြစ်ပွားစေသော လုပ်ဆောင်မှုမျိုးကို အသင်းဝင်များအနေဖြင့် အထူးရှောင်ကြဉ်ရန်။
မြန်မာနိုင်ငံ၏ အဓိကပင်မ အသက် သွေးကြော ဖြစ်သော မြစ်မင်း ဧရာဝတီ ထာဝရ ရှင်သန်စီးဆင်း နိုင်စေရေးနှင့် ဧရာဝတီ မြစ်ဝှမ်းဒေသ တစ်ခုလုံးကို မှီခို နေထိုင်ကြသော လူသား၊ သစ်ပင်၊ တောတောင်၊ ရေမြေနှင့်တကွ ဂေဟစနစ်ကြီး တစ်ခုလုံး စည်းချက်ညီညီ ဖွံ့ဖြိုး တိုးတက်နိုင်ရန် အလို့ငှာ ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေး ဆိုင်ရာ သုတေသန အဖွဲ့ (Ayeyarwady River Basin Research Organization – ARBRO) ကို ၂၀၁၂ခုနှစ် မေလ (၁၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
Ayeyarwaddy River Basin Research Organization (ARBRO) was established on 10 May 2012. ARBRO consists of 40+ Myanmar researchers from all walks of life who possess long-term scientific and research experience in Myanmar and abroad. Ministry of Transport has recommended the formation of ARBRO. ARBRO already received a warm welcome from the Network of Asian River…
ARBRO River Basin Research Organization (ARBRO)
No. 74, Yadanar Myintzu Street, Sa/Ka Quarter
Thingangyun Township, Yangon, Myanmar.
Tel: +95-9-43154667, +95-9-5111880
Website: http://www.wrtcmyan.org/arbro