ICEWE သင်တန်း ဧည့်ပါမောက္ခ Prof. Ole Mark မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်
ဒိန်းမတ်နိုင်ငံရှိ ဒိန်းမတ် ရေ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျန်းမာရေးဆိုင်ရာသိပ္ပံ (DHI – Water, Environment, Health)၏ သုတေသနနှင့်ဖွံ့ဖြိုးရေး ဌာနမှူးပါမောက္ခ ဒေါက်တာအိုလာမက်(ခ်) (Prof. Dr. Ole Mark) သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်၌ မြန်မာနိုင်ငံသို့ လေ့လာရေး အလည်အပတ်ခရီးအဖြစ် မနက် ၁၀နာရီခွဲတွင် ရောက်ရှိခဲ့ပါသည်။ ထို့နောက်တွင် ဒေါက်တာဦးဝင်းသိန်း (ပါမောက္ခနှင့်ဌာနမှူး (ငြိမ်း)၊ နည်းပညာတက္ကသိုလ်)၊ ဦးအေးမြင့် (ညွှန်ကြားရေးမှူး(ငြိမ်း)၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးကျော်သိန်း (ညွှန်ကြားရေးမှူး (ငြိမ်း)၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ပါမောက္ခဒေါက်တာ ဒေါ်ခင်နီနီသိန်း (အတွင်းရေးမှူး၊ သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဘုတ်အဖွဲ့၊ မြို့ပြ ဘူမိနှင့်ရေဆိုင်ရာ အင်ဂျင်နီယာဘွဲ့လွန်သင်တန်း) တို့နှင့် နေ့လည် ၂ နာရီမှ ၄ နာရီအထိ…
ICEWE launching ceremony program

မြို့ပြ၊ဘူမိနှင့်ရေအင်ဂျင်နီယာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း (ICEWE) မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (Myanmar Engineering Society) တွင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ကိုးနာရီတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားကို လုမ္ဗိနီအကယ်ဒမီ တည်ထောင်သူ နှင့် ICEWE သင်တန်း ၏ ဒုတိယဥက္ကဌ ဖြစ်သူ စာရေးဆရာ ကိုတာ (ဒေါက်တာ သန့်လွင်မောင်) မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ထို့နောက် National Engineering and Planning Services ၏ CEO နှင့် ICEWE သင်တန်း ၏ ဥက္ကဌ ဆရာဦးချိုချိုမှ သင်တန်း ဖြစ်ပေါ်လာရခြင်းနောက်ခံသမိုင်းကြောင်းနှင့် ICEWE သင်တန်း နှင့်…
